တိုက်ကြီး အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကြီးကြပ်ရေးအဖွဲ့များနှင့် အစည်းအဝေးကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းစိုး က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့များသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရေးအတွက် တိကျစွာ ကြီးကြပ်စေရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွမှ ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ကြီးကြပ်ရေးအဖွဲ့ဝင်များက သိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ က ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့များတွင်ပါဝင်သော ဌာနဆိုင်ရာများနှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက တာဝန်ကျ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)