မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့ TUTU.FINANCE ( WOORI CARD INTERNATIONAL MYANMAR – WCI) အဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် TUTU.FINANCE ( WOORI CARD INTERNATIONAL MYANMAR – WCI) အဖွဲ့မှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည့်နေရာ အသုံးပြု နိုင်ရန်အတွက် အလှူငွေကျပ် ၁၅၀၀၀၀ နှင့် နှာခေါင်းစည်း(Mask) အခုရေ ၁၅၀၀ အား မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ ပေးအပ်လှူဒါန်းရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က  လက်ခံရယူခဲ့ကြကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )