လှိုင်းဘွဲ အောက်တိုဘာ ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စု ထော်ရွဲကမ်းနားကျေးရွာရှိ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ (၂၀,၂၅၀,၀၀၀) ကျပ်ဖြင့် လမ်း (အရှည် ၁၄၀၀ပေ x အကျယ် ၁၂ပေ x အထူ ၆ လက်မ) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ပြီး လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး ဦးသန်းထိုက်စိုးသူတို့၏ အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)