တပ်ကုန်းမြို့နယ်တွင်  ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆ဝ)နှစ်နှင့် အထက်ဘိုးဘွားများ စတင် ဆန္ဒမဲပေးခြင်း ဆောင်ရွက်

တပ်ကုန်း အောက်တိုဘာ  ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆ဝ)နှစ်နှင့်အထက်ဘိုးဘွားများ   ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ကျေးရွာအုပ်စု(၄၉)အုပ်စုတွင် မဲရုံပေါင်း(၁၃၄)ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအရ (၁၈၀၈၇၉)ဦးရှိသည့်အနက်မှ ကြိုတင်ဆန္ဒမဲ ပေးကြမည့် အသက်(၆ဝ) နှစ်နှင့်အထက်အဘိုး/အဘွားပေါင်း(၂၈၆၀၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)