ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၆၀)နှင့် အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ မဲစတင်ပေး

ဝါးခယ်မ     အောက်တိုဘာ     ၃၀

၂၀၂၀ပြည့်နှစ်၊ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်     အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ အနေဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ရုံးခွဲများ၌ ကြိုတင်မဲများပေးနေပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ ၁၄၅ အုပ်စု၊ မဲရုံအနေဖြင့် ၃၃၃ ရုံ ရှိပြီး အသက် ၆၀ နှစ် အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၂၄၇၉ ဦးရှိကြောင်း၊ သက်ဆိုင်ရာ မဲရုံအသီးသီး၌ ဆန္ဒမဲပေးသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်မှုများနှင့်အညီ ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကြိုတင်မဲပေးနိုင်ရန် နှိုးဆော်ပေးထားကြောင်း၊ မဲရုံသို့ လာရောက်၍ ဆန္ဒမဲမပေးနိုင်သော အဘိုးအဘွားများအား ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့များနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

လွှမ်းသီဟ(ပြန်/ဆက်)