ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေး

ရွှေကျင် အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ယမန်နေ့ နံနက်၈ နာရီအချိန်မှစ၍ ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်ဌာနဆိုင်ရာ မဲဆန္ဒရှင်များမှ ကြိုတင် မဲစတင်ပေး လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမဲရုံများသို့ ကြိုတင်ဆန္ဒမဲလာပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်၊ နှာခေါင်းစည်းများတို့ကို မဲရုံအဝင်ဝများ၌ ထားရှိပေး ထားပြီး အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲဆန္ဒရှင်များမှ မဲရုံသို့  ကြိုတင်ဆန္ဒမဲလာရောက် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း ရပ်ကွက် ()ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၃၀)အုပ်စုအတွင်း မဲရုံ(၇၄)ရုံထားရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ရက်နေ့အထိ မဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)