ထန်းတပင် (ပဲခူး) အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ မြို့နယ်ပြည်သူ့ဆေးရုံတွင် (၇)ဦးနှင့် ဇရပ်ကြီး တိုက်နယ်ဆေးရုံတွင် (၁)ဦး စုစုပေါင်း (၈)ဦးတို့သည် ရောဂါသက်သာပျောက်ကင်းပြီးဖြစ်သဖြင့် ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ (၈)ဦးအား ၎င်း၏နေအိမ်တွင် (၇)ရက် အသွားအလာ ကန့်သတ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ၍ နေထိုင်ကြရန်တို့ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးငြိမ်းက မှာကြားပြီးနောက် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)