နန်းယွန်း အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့အတွင်းရှိ အသက်(၆၀)နှစ် အထက်ရှိသည့် မဲဆန္ဒရှင်များက ကြိုတင်မဲ ပေးအပ်နေပြီ ဖြစ်ရာ ယနေ့ နံနက် ၉ နာရီတွင် ကြိုတင်မဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင် လက်ခံလျက်ရှိကြောင်း သိရသည်။
ကြိုတင်မဲများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ လက်ခံလျက်ရှိပြီး အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ရန်အခက်အခဲရှိသူများနှင့် မသန်မစွမ်းသူများ၏ ကြိုတင်မဲများကိုလည်း အိမ်တိုင်ရာရောက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းယွန်းမြို့ မြို့ပေါ်(၃)ရပ်ကွက်တွင် အသက်(၆၀)နှစ်အထက်ရှိသည့် မဲဆန္ဒရှင် (၁၄၃) ဦးခန့် ရှိကြောင်း ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)