ကရသူရိ နိုဝင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀)နှစ်နှင့် အထက်အဘိုး/အဘွားများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများသည် အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ကိုယ်တိုင် ကြိုတင်မဲ ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးရာတွင် အသက်(၆၀)နှစ်နှင့်အထက်အဘိုး/အဘွားများ၊ တာဝန်ကျမဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်းများ)၊ ရွေးကောက်ပွဲနေ့တွင် ခရီးသွားရန်ရှိသော မဲဆန္ဒရှင်ပြည်သူများနှင့် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မကျန်းမာသူများနှင့်အသက်အရွယ်ကြီးရင့်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် နေအိမ်တွင် ကြိုတင်မဲ ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း စနစ်တကျဆန္ဒမဲပေး လျက်ရှိကြောင်း ကရသူရိမြို့အတွင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စု၊ မဲရုံပေါင်း(၂၈)ရုံရှိပြီး စုစုပေါင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၃၇၃၇)ဦးရှိကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)