သန်လျင်မှ သက်ကြီးအဘိုး၊ အဘွားနှင့် နွမ်းပါးသူများအား ထောက်ပံ့လှူဒါန်း
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာ (ကွက်သစ်)နှင့် ကညင်ပင်ကျေးရွာတို့မှ သက်ကြီးအဖိုး၊ အဖွားများနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၂၀၀)တို့အား အခြေခံစားသောက်ကုန်များကို We Love Yangon ဦးဆောင်မှုဖြင့် We Love Thanlyin လူထုအခြေပြု ပရဟိတ အဖွဲ့က အလှူရှင်များ ကိုယ်စား အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။