ကျောက်ဆည်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်သည့် နေရာ(Facility Quarantine) ဝင်ရောက်နေသူ(၂၁)ဦးအား ကြိုတင် ဆန္ဒမဲများပေးနိုင်ရေး ဆောင်ရွက်

ကျောက်ဆည် နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ် အနော်ရထာအဆောင်၌ Facility Quarantine ဝင်ရောက်နေသူ (၂၁)ဦးအား   ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေး ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Facility Quarantine  ဝင်ရောက်နေသူများမှာ ကျောက်ဆည်မြို့နယ် ပြည်တော်သာကျေးရွာမှ အမျိုးသား()ဦး၊ ဖျောက်ဆိပ်ပင် ကျေးရွာမှ အမျိုးသား()ဦး၊ ငါးလုံကုန်းကျေးရွာမှ အမျိုးသား()ဦး၊ ထနောင်းတပ်ကျေးရွာမှ အမျိုးသား()ဦး၊ ပေါင်လောင်လေးကျေးရွာမှ အမျိုးသမီး ()ဦး၊ သမန္တတလင်းကျေးရွာမှ အမျိုးသမီး()ဦး၊ ဟံမြင့်မိုရ်ကျေးရွာမှ အမျိုးသား()ဦးနှင့်အမျိုးသမီး()ဦး၊သပြေသာကျေးရွာမှ အမျိုးသား()ဦး၊  အနောက်သာဂရကျေးရွာမှ အမျိုးသမီး()ဦး၊ မုံပေါင်းကျေးရွာမှ အမျိုးသမီး()ဦး၊ ကျောက်ဖျာကျေးရွာမှ အမျိုးသမီး()ဦး၊ ဆူးကုန်းရပ်ကွက်မှ အမျိုးသမီး()ဦး၊ မြင်စိုင်းရပ်ကွက်မှ အမျိုးသား()ဦးနှင့် စုကြီးရပ်ကွက်မှ အမျိုးသား()ဦး၊ စုစုပေါင်း(၂၁) ဦး ဖြစ်သည်။

အဆိုပါ Facility Quarantine  ဝင်ရောက်နေသူများ ဆန္ဒမဲပေးပိုင်ခွင့်များ မဆုံးရှုံးစေရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီးရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမှ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၆)ရက်နေ့နှင့် (၇)ရက် နေ့တို့တွင် ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး စနစ်တစ်ကျဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

သက်မောင်(ပြန်/ဆက်)