ခန္တီး နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစွည်း(၇)မျိုးသည် ယမန်နေ့ ညနေပိုင်းတွင် ခန္တီးမြို့သို့ ရောက်ရှိလာရာ ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးတို့က အမြန်ရေယာဉ်ဆိပ်တွင် လက်ခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် NK-95 Mask၊ Exam Glove ၊ Face Shield၊ Coverall (PPE-3) ၊ Surgical Glove (PPE-3) ၊ Protective mask ( PPE-3 ) နှင့် Boot ( PPE-3) တို့ကို စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းလင်းလင်းထက်က အမြန်ရေယာဉ်ဖြင့် ပေးပို့လာခြင်း ဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း