ကျီခါးမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသည့်နေရာ(Quarantine Center)အတွက် (R.P.U.F)အဖွဲ့မှ လိုအပ်သော အသုံးအဆောင် ပစ္စည်းများ လှူဒါန်း ပေးအပ်

ကျီခါး နိုဝင်ဘာ ၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်များ အား မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှ တစ်ဆင့် စနစ်တကျပြန်လည် လက်ခံ၍ ကျီခါးမြို့  Quarantine Center ၌ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက်ထားလျက်ရှိရာ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  Rural People Upliftment Foundation  (R.P.U.F) အဖွဲ့မှ Quarantine Center အတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ လှူဒါန်း‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်း‌ပေးအပ်ရာတွင် ( R.P.U.F) အဖွဲ့မှတာ၀န်ရှိသူများက ကျီခါးမြို့ Quarantine  Center အတွက် လိုအပ်သော ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများဖြစ်သော လက်အိတ်(၃၀၀)ထုပ်၊ လက်သန့် ဆေးရည် (၁၀)ဘူး၊ နှာခေါင်းစည်း(Mask)(၅၀၀)ဘူးနှင့် ကိုဗစ် - ၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဓာတ်ဆီ(၃၅၀)လီတာတို့အား လှူဒါန်း‌ပေးအပ်ရာ ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ အတွင်းရေးမှူး တိုက်နယ် ဆရာ၀န် ဒေါက်တာထန်ဆန်းနှင့် တာ၀န်ရှိသူများမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)