တမူးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရ

တမူး နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြည်သူ့ဆေရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ(၂)ဦးသည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆေးရုံမှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူနာ(၂)ဦးမှာ တမူးမြို့၊ မြို့မ(၁၂)ရပ်ကွက်မှ အမျိုးသမီး (၁)ဦးနှင့်  မြို့မ(၁၃)ရပ်ကွက်မှ  အမျိုးသား (၁)ဦးတို့ဖြစ်ပြီး ဆေးရုံတွင် သတ်မှတ်ရက် ကာလအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိသောကြောင့် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ဆေးရုံမှ ဆင်းခွင့်ပေးခြင်းဖြစ်ကြောင်း၊ ဆေးရုံဆင်းပြီး မိမိတို့နေအိမ်တွင် Home Quarantine (၇)ရက် နေထိုင်ရမည်ဖြစ်ပြီး  နေအိမ်တွင်နေထိုင်စဉ် ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက် များ တိကျစွာလိုက်နာနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ ထံမှ သိရှိရသည်။

တမူးမြို့တွင် အောက်တိုဘာ(၁၅)ရက်နေ့မှစ၍ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၉)ဦးရှိပြီ ဖြစ်ပြီး (၆)ဦးမှာဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်၍ တမူးခရိုင် ပြည်သူ့ဆေးရုံတွင် အတည်ပြုလူနာ(၁၃)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)