မုဒုံ နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်များစွမ်းရည်ပြည့်ဝစေရန် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လက်တွေ့ သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းကို မုဒုံမြို့နယ်အတွင်း ယာဉ်အန္တရာယ်နှင့်ဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် စနစ်တကျလုပ် ဆောင်နိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမြတ်ကိုကိုနှင့် သင်တန်းနည်းပြ(၃)ဦးတို့က Hydraulic Rescue Tools (ယာဉ်မတော်တဆဖြစ်ပွားပါက ကယ်ဆယ်ရေးကိရိယာ)ကို စနစ်တကျကိုင်တွယ် အသုံးပြုနည်း၊ BA-SET (အသက်ရှုကိရိယာ) စနစ်တကျ အသုံးပြုတပ်ဆင်နည်းနှင့် MA-System ကြိုး အသုံးပြုနည်းတို့ကို စာတွေ့ လက်တွေ့သင်ကြားခဲ့ရာ သင်တန်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ သင်တန်းသား (၁၃)ဦး တို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)