ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ဆေးရုံမှဆင်းခွင့်ရ

ကျောက်မဲ နိုဝင်ဘာ ၁

ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သည့် အသက် ၂၄ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case-35035)အား ယနေ့‌  မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဆေးရုံဆင်းခွင့်ပြုကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ (Case-35035) သည်   ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး  ရန်ကုန်မြို့၌ အလုပ်လုပ်ကိုင်ရာမှ ကျောက်မဲသို့  အောက်တိုဘာလ ၉ ရက်နေ့ကပြန်လာရာ ကျောက်မဲမြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းရှိ Quarantine Center တွင် နေထိုင်ခဲ့သည်။ အောက်တိုဘာ ၁၄ ရက်နေ့တွင် ၎င်း၏ ဓာတ်ခွဲနမူနာကို ရယူစစ်ဆေးခဲ့ရာမှ ပိုးတွေ့ခဲ့သောကြောင့် ၎င်းအား အောက်တိုဘာ  ၁၈ ရက်နေ့တွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ Isolation Ward သို့ပို့‌ပြောင်းရွှေ့  ဆေးကုသမှုခံယူ‌စေခဲ့ရာ သတ်မှတ်ရက်အတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခြင်းဖြစ်ပြီး ၎င်း၏‌နေအိမ်တွင် Home Quarantine ၇ ရက် ထပ်မံနေထိုင်ရမည်ဖြစ်သည်။

မိုင်းထွန်း(ပြန်/ဆက်)