မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ ကြိုတင် ဆန္ဒမဲပေး

ပန်ဝါ နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်များက သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲများကို အောက်တိုဘာ(၂၉)ရက်မှနိုဝင်ဘာလ(၅)ရက်ထိ နံနက်(၈) နာရီမှည(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ပန်ဝါမြို့၌ ရပ်ကွက်(၃)ရပ်ကွက်အတွင်း မဲရုံ(၃)ရုံထားရှိမည်ဖြစ်ပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေး နိုင်သူ(၆၃)ဦး ရှိကြောင်းနှင့် ကျန်းမာရေး မကောင်း၍ သွားရောက်မဲမပေးနိုင်သော အသက်(၆၀)ကျော် ပြည်သူများအတွက် သင့်သော်သည့်နေ့ရက်ကိုစီစဉ်ပြီး အိမ်တိုင်ယာရောက် မဲယူပေးမည် ဖြစ်ကြောင်း ပန်ဝါမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရဲညွန့်(ပြန်/ဆက်)