မိုင်းဖြတ်၌ ရွေးကောက်ပွဲကာလ မီးဘေးလုံခြုံရေး စက်သုံးဆီအရောင်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကာလတွင် မီးဘေးလုံခြုံမှု ရှိစေရေးအတွက် ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော စက်သုံးစီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား ဆစ်ပိုး၊ ဖြုတ်ပိုးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း နည်းပညာပေး ဆောင်ရွက်

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် စပါးစိုက်ခင်းများတွင် သီးနှံ ဖျက်ပိုးများ ကျရောက်ကာ သီးနှံထွက်ရှိမှု မလျော့ကျစေရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေးနည်း ပညာပေး လုပ်ငန်းများကို   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက    ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရ သည်။

ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများရှိ မဲရုံများတွင်ကြိုတင်မဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြိုတင်မဲပေးနေမှုများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပြိုလဲအိမ်(၂)လုံးနှင့် အမိုးလန်အိမ်(၂)လုံး တို့အား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှားပင်ဇင်းကျေးရွာအုပ်စု ကုန်းကြီးအောက်ကျေးရွာနှင့် မြေနီကုန်း ကျေးရွာတို့တွင် အောက်တိုဘာ ၃၀ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲအိမ်(၂) လုံးနှင့် အမိုးလန်အိမ်(၂)လုံးတို့အား အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ (၂)ပုံးလူဦးရေ(၁၁)ဦးစာအတွက် ဆန်ရိက္ခာငွေ (၂၃၁၀၀)ကျပ်စုစုပေါင်း(၂၇၃၁၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက  သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ ပြန်လာ သော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၉)ဉီးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် ၊ အတွင်းရေးမှူး ဒေါက်တာသီဟနှင့် ကော်မတီ အဖွဲ့ဝင် များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန် ပြည်သူအားလုံးတို့မှာ ရောဂါပိုး မတွေ့ရှိ၍ ၎င်းတို့၏ သက်ဆိုင်ရာ ဒေသ များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ ညနေ (၄)နာရီ အချိန်က ထပ်မံလွှဲပြောင်း ပို့ဆောင်ပေး ခဲ့သည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်း ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းကို ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ယမန်နေ့ မှစ၍ မြို့ပေါ် ရပ်ကွက်နှစ်ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲပေးခြင်းကို တီးတိန်မြို့၌ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ကြိုတင်မဲ ပေးခွင့်ရှိသူများမှ သတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကျီခါးမြို့၌ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (R.P.U.F) အဖွဲ့မှ အခြေခံ စားသောက်ကုန် ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်းပေးအပ်  

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုများ မိသားစုစား၀တ်နေရေးအဆင်ပြေစေရန်အတွက် Rural People Upliftment Foundation(R.P.U.F) အဖွဲ့မှ ယနေ့နံနက်(၈)နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်း (၆)မျိုး ဆက်လက် ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ မဲရုံများအတွက် ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား ရပ်ကွက် / ကျေးရွာများသို့ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ မဲရုံများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစွည်း (၇) မျိုးဖြစ် သည့် NK-95 ( ၂၄၇၁၄ )ခု၊ Exam Glove ( ၂၅၇၂ )ခု၊ Face Shield (၁၇၀)ခု၊ Coverall (PPE-3) (၁၇၀)ခု၊ Surgical Glove (PPE-3) (၁၇၀)ခု၊ Protective mask ( PPE-3 ) (၁၇၀)ခုနှင့် Boot ( PPE-3) (၁၇၀)ခုတို့ကို ယမန်နေ့တွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ ခွဲဝေဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆိတ်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆိတ်အကောင်ရေ (၁၈၁) ကောင်အား သံချရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် Ear Tag ပြုလုပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် ဆိတ်မွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိသည့် ဆိတ်အကောင်ရေ (၁၈၁) ကောင်အား သံချရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပျောက်ဆုံးမှု မရှိစေရေး Ear Tag(နားကပ်တပ်ခြင်း)များကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to