ကြံခင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပါဝင်ဖြေဆိုကြသူများမှ Top Ten အဆင့်ဖြင့် အောင်မြင်သူ (၃)ဦးရှိ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် တက္ကသိုလ်ဝင်တန်း ပါဝင်ဖြေဆိုကြသူများမှ Top Ten အဆင့်ဖြင့် အောင်မြင်သူ (၃)ဦးရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ကျေးလက်ဒေသနေ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေ ကျောင်းသား/ကျောင်းသူများ ကိုဗစ် ကာလအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက လိုအပ်မည့် အသုံးအဆောင်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံချောင်းကျေးရွာအုပ်စု၊ အောင်ချမ်းသာရပ်ကွက်တွင် ဆောင်ရွက်သည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အသက်(၆)လမှ (၅)နှစ်ကလေး များအား ဗီတာမင်အေ၊ သံချဆေးနှင့် အာဟာရ မှုန့်တိုက်ကျွေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယပတ်တွင် အသက်(၆)လ မှ(၅)နှစ်အရွယ်ကလေးများအား ဗီတာမင်အေ၊ သံချဆေးနှင့် အာဟာရမှုန့်တိုက်ကျွေးခြင်း ကို ယနေ့ နံနက်က မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာန/ ဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်း များက ဆေးတိုက်ကျွေးလျှက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် နိုင်ငံသားစိစစ်ရေးကဒ် မရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံသော အခြေခံမဲဆန္ဒရှင် စာရင်း ရရှိစေရန်နှင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေး သူများအား သံဖြူဇရပ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

ချင်းရွှေဟော် ဩဂုတ် ၁၁

လောက်ကိုင်ခရိုင်၊ ချင်းရွှေဟော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်မွန်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် နံရံကပ် ပိုစတာများ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ သို့ အသိပညာပေးသည့်အနေဖြင့် နောင်မွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များမှ ပြည်သူများ လက်ဝယ်အရောက် လက်ကမ်းများဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများ ဆောင်ရွက်ခဲ့ သည်။

တာမွေမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင် အထည်ဖော် ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၈/၂၀၂၀)ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေါ့ဖုန်းယန်မြို့တွင် မဲဆန္ဒရှင်ပြည်သူများထံသို့ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်း၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "မဲဆန္ဒရှင် စာရင်းတွင် သင့်အမည် ပါဝင်ပါသလား" လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူး​ပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ ထမင်းဆိုင်နှင့် ပြန်ကျစျေးဆိုင်များ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ ဖြန့်ဝေခဲ့သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေလွဲပြောင်းပေးအပ်

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေလွဲပြောင်း‌ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၃နာရီ တွင်အဆိုပါ ဦးစီးဌာန၌ပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် ရပ်ကွက်များ၊ ကော်မရှင်ရုံးများ၌ မဲဆန္ဒရှင်အမည်စာရင်း ကြေညာထားရှိမှု မြို့နယ်ကော်မရှင်အဖွဲ့ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း (ပထမအကြိမ်) ထုတ်ပြန်ကြေညာထားရှိမှုကို မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီက လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to