ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

သီပေါ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်(၁၀)မျိုးကို ယမန်နေ့ နံနက်ပိုင်းက နှလုံးသာပရဟိတ(သီပေါ)အဖွဲ့မှ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိအလှူရှင်များနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ ကိုယ်စား နှလုံးသားပရဟိတ အဖွဲ့(သီပေါ)မှ တာဝန်ရှိသူများက တုံစင့်ကျေးရွာ၊ စံဖိတ်ကျေးရွာနှင့် ဖာဖိတ်ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု(၇၃)စုအား  စားသောက်ကုန် (၁၀)မျိုးစီ  ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူများအားနှာခေါင်းစည်း တပ်ဆင်သွားလာသည့် အလေ့အကျင့်ရရှိလာစေရန် နှာခေါင်းစည်း(Mask)များနှင့် ကလေးငယ်များကိုလည်း မုန့်များ ပေးဝေခဲ့ကြကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)