ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ဟိုပုံးမြို့မစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များမှ ဆွမ်းဆန်နှင့် ဆီများ လှူဒါန်း

ဟိုပုံး နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မစခန်းမှူး ဒုရဲမှူး ကျော်သန်းနှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့တွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၉)ကျောင်းသို့ ဆွမ်းဆန်နှင့် ဆီများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် သီတင်းကျွတ်ကာလအဘိဓမ္မာအခါတော် နေ့ထူးနေ့မြတ်တွင် ပရိတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော်သုံးရပ်အားရည်မှန်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သံဃာတော်များ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဟိုပုံးမြို့တွင် ဘုန်းကြီးကျောင်း(၉)ကျောင်း ရှိကြောင်း၊ ဘုန်းကြီးကျောင်းများအတွက် ဆန်(၃၀)အိတ်၊ ဆီ(၂၈)ဘူး တန်ဖိုးငွေ(၈)သိန်းကျော်အား လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း  ဒုရဲမှူးကျော်သန်းက ပြောသည်။

ဟိုပုံး(ပြန်/ဆက်)