ရွှေတောင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပြိုလဲအိမ်(၂)လုံးနှင့် အမိုးလန်အိမ်(၂)လုံး တို့အား ထောက်ပံ့ငွေပေးအပ်

ရွှေတောင် နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှားပင်ဇင်းကျေးရွာအုပ်စု ကုန်းကြီးအောက်ကျေးရွာနှင့် မြေနီကုန်း ကျေးရွာတို့တွင် အောက်တိုဘာ ၃၀ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲအိမ်(၂) လုံးနှင့် အမိုးလန်အိမ်(၂)လုံးတို့အား အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ (၂)ပုံးလူဦးရေ(၁၁)ဦးစာအတွက် ဆန်ရိက္ခာငွေ (၂၃၁၀၀)ကျပ်စုစုပေါင်း(၂၇၃၁၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက  သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)