ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေး

တီးတိန် နိုဝင်ဘာ ၂

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲ ပေးခြင်းကို တီးတိန်မြို့၌ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ကြိုတင်မဲ ပေးခွင့်ရှိသူများမှ သတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲနေ့၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် လုံခြုံရေးဝန်ထမ်းများ၊ တာဝန်အရ မဲဆန္ဒ နယ်ပြင်ပတွင် တာဝန်ထမ်းဆောင်မည့် မဲဆန္ဒရှင် များ၊ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် မသန်စွမ်း သူမဲဆန္ဒရှင်များ ဆန္ဒမဲပေးမည့် အခွင့်အရေး မရှုံးဆုံးစေရန်အတွက်သတ် မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲ ပေးကြပြီး ကြိုတင်ဆန္ဒမဲပေးသူ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၁၃၄၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

တီးတိန်မြိုနယ်တွင် ခိုင်ကမ်းမြို့ အပါအဝင် မဲရုံ (၁၄၀)ရုံ လျာထားဖွင့် ဖွင့်လှစ်မည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်း စုစုပေါင်း ၅၆၅၇၆ဦးရှိကြောင်း မြို့ နယ်ကော် မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)