ဟိုပုံးမြို့နယ်တွင် မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။