ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၈ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ပခုက္ကူမြိုနယ်အတွင်းရှိ မဲရုံနှင့် ယာယီမဲရုံများအား ကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည်  ပခုက္ကူမြို့နယ်အတွင်းရှိ မဲရုံနှင့်ယာယီမဲရုံများအား ယမန်နေ့  နေ့လယ် ၁၂နာရီ အချိန်က ကြည့်ရှု စစ်ဆေးသည်။

တနင်္သာရီမြို့၏ (၈၆၇)နှစ်မြောက် ရိုးရာနဂါးလှေသဘင်ပွဲတော် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပ ပြု လုပ်မည် မဟုတ်ကြောင်း သိရှိရ

တနင်္သာရီတိုင်း‌ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ် သာသနာ့ဝုဎ္ဋိပါလကျောင်းတိုက် ဦးစီးပဓာနဆရာတော် အသက်တော်(၁၀၂)နှစ်၊ ဝါတော်(၈၂)ဝါရှိ ဘဒ္ဒန္တအရှင်ပညာဒီပ၏ ဩဝါဒကို ခံယူ၍ တနင်္သာရီမြို့၏ ရိုးရာ နဂါးလှေ သဘင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက် နေ့မှာ စည်ကားစွာကျင်းပလျက်ရှိပြီး၊ (၁၇-၁၀-၂၀၁၉) နေ့တွင် တနင်္သာရီမြို့၏ မြို့တည်နန်းတည်နှစ် (၈၆၆)နှစ်မြောက်အဖြစ်၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။

ရှမ်းရွာသစ်မြို့၌ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင် (တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်မြင့် ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်သည် ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးခရိုင်၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ညောင်ဦးခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ ရွှေရင်အေး မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း စံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တာလုံရပ်ကွက်၊ ကွင်းအမှတ်(၆)၊ ဦးပိုင်အမှတ်(၂၁)၊ တောင်သူဦးကျော်ဝင်း၏ ရွှေရင်အေး RS-CS မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့်က မိုင်းငေါ့မြို့စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန် ရှိသူများနှင့်တောင်သူများ  ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာတွင် ကုန်ထုတ်လမ်းနှင့် ၄ လက်မ စက်ရေတွင်း တူးဖော်ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉ ရွာတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက် သို့ လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်း သုံးလမ်း ဖောက်လုပ်ခြင်းနှင့် ကျေးလက် နေပြည် သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိစေရေး အတွက် (၄) လက်မစက်ရေတွင်း ခြောက်တွင်း တူးဖော်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျောက်တော(စံပြ)ကျေးရွာ (CBT)အား ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ကျောက် တော(စံပြ) ကျေးရွာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism (ကျောက်တောစံပြCBT)အား ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ပေး အပ်ခြင်းကို ယမန်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်၌ ညီနောင်ဘုရားငါးဆူ မြို့တွင်းပင့်ဆောင်အပူဇော်ခံနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်

ရေစကြိုမြို့၊ ဖောင်တော်ဦးဘုရား၌ ကိန်းဝပ်စပ္ပာယ်တော်မူလျက်ရှိသော ညီနောင်ဘုရားငါးဆူ ပင့်ဆောင်၍ မြို့တွင်း အပူဇော်ခံနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
Subscribe to