ကျီခါးမြို့၌ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (R.P.U.F) အဖွဲ့မှ အခြေခံ စားသောက်ကုန် ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်းပေးအပ်  

ကျီခါး   နို၀င်ဘာ ၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုများ မိသားစုစား၀တ်နေရေးအဆင်ပြေစေရန်အတွက် Rural People Upliftment Foundation(R.P.U.F) အဖွဲ့မှ ယနေ့နံနက်(၈)နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်း (၆)မျိုး ဆက်လက် ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်း‌ပေးအပ်ရာတွင်  ကျီခါးမြို့အမှတ်(၂ )ရပ်ကွက်ရှိ  ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား Rural People Upliftment Foundation (R.P.U.F) အဖွဲ့မှ  အိမ်ထောင်စု(၁)စုလျှင် ဆန်(၁)အိတ်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်သွန်ဖြူ(၁)ပိဿာ၊ ကုလားပဲ(၁)ပိဿာ နှင့် သကြား(၁)ပိဿာစီဖြင့် စုစုပေါင်းအိမ်ထောင်စု(၅၀)စုအား ဆက်လက် ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့‌‌ခြင်းဖြစ်ပြီး  ယမန်နေ့က ကျီခါးမြို့ အမှတ်(၁) ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀)စုအား လည်း‌ကောင်း၊ ယနေ့ တွင် အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၅၀)စုအား လည်းကောင်း  စုစုပေါင်း အိမ်ထောင်စု(၁၀၀)စုအား R.P.U.F အဖွဲ့မှ ကိုဗစ်ကာလအတွင်း ကျီခါးမြို့ပေါ်ရပ်ကွက်ရှိ ပုံမှန်၀င်ငွေမရှိ‌သော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်  အခြေခံစား သောက်ကုန် ပစ္စည်း(၆)မျိုး ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။   

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)