ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး၍ သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  နိုဝင်ဘာ    ၂

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ ပြန်လာ သော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၉)ဉီးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် ၊ အတွင်းရေးမှူး ဒေါက်တာသီဟနှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန် ပြည်သူအားလုံးတို့မှာ ရောဂါပိုး မတွေ့ရှိ၍ ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ ညနေ (၄)နာရီ အချိန်က ထပ်မံလွှဲပြောင်း ပို့ဆောင်ပေး ခဲ့သည်။

အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၉)ဉီးမှာ အမျိုးသား(၆)ဉီးနှင့် အမျိုးသမီး (၃)ဉီးတို့ ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ(၃)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၁)ဉီး၊ သိန္နီမြို့နယ်မှ (၁)ဉီး၊ ကွမ်းလုံမြို့နယ်မှ(၁)ဉီး၊ နမ့်ခမ်းမြို့နယ်မှ(၂)ဉီးနှင့် မိုင်းရှူးမြို့နယ်မှ(၁)ဉီး တို့ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့ အထိ အမျိုးသား(၈၆၉၂)ဉီးနှင့် အမျိုးသမီး(၇၀၁၉)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ် ပြန်ပြည်သူ(၁၅၇၁၁)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရသည်၊

ဇင်ဇင်(ပြန်/ဆက်)