မိုင်းဖြတ်၌ ရွေးကောက်ပွဲကာလ မီးဘေးလုံခြုံရေး စက်သုံးဆီအရောင်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေး

မိုင်းဖြတ်     နိုဝင်ဘာ    ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလတွင်  မီးဘေးလုံခြုံမှုရှိစေရေးအတွက် ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးစီ အရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြတ်စိုး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ ဦမျိုးဝင်နှင့်တာဝန်ရှိ သူများက မြို့နယ်အတွင်းရှိ စစ်သုံးဆီအရောင်းဆိုင်များဖြစ်သည့် တစ်(ပ်)မိသားစု၊ တော်ဝင်ခမ်း၊ ရွှေလဝင်းစက်သုံးဆီ အရောင်းဆိုင်များတွင် မီးသတ်ဆေး ဘူးများ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းကုန်လွန်သည့် မီးသတ်ဆေးဘူးများ အသုံးမပြုရေး၊ မီးသတ်ရေကန်များ၌ ရေဖြည့်တင်း ထားနိုင်ရေး၊ အထူးသဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် လိုက်နာရမည့် အချက်များ ကိုရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည့် မြို့မစျေးအတွင်းရှိ မီးသုံးစွဲသည့်စျေးဆိုင်များတွင် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သန်းထွန်းအေး(ပြန်/ဆက်)