ခန္တီးမြို့နယ်ရှိ မဲရုံများအတွက် ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား ရပ်ကွက် / ကျေးရွာများသို့ ဖြန့်ဝေ

ခန္တီး နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ မဲရုံများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစွည်း (၇) မျိုးဖြစ် သည့် NK-95 ( ၂၄၇၁၄ )ခု၊ Exam Glove ( ၂၅၇၂ )ခု၊ Face Shield (၁၇၀)ခု၊ Coverall (PPE-3) (၁၇၀)ခု၊ Surgical Glove (PPE-3) (၁၇၀)ခု၊ Protective mask ( PPE-3 ) (၁၇၀)ခုနှင့် Boot ( PPE-3) (၁၇၀)ခုတို့ကို ယမန်နေ့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ ခွဲဝေဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။

ခန္တီးမြို့နယ်တွင် ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ မဲပေးပိုင်ခွင့်ရှိသူ (၂၉၅၈၀)ဦးနှင့် မဲရုံပေါင်း (၃၄)ရုံ ရှိကြောင်း သိရသည်။

အမ်းအင်းလမ်း(ပြန်/ဆက်)