နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမဲရုံများအတွက် Coronavirus Diseases 2019(2019) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားဗဟိုကော်မတီမှ ပေးပေးပို့လှူဒါန်းသော COVID-19 ရောဂါကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် NK-95 (10021)ခု၊ PPE Level-2(Leve) (၁၁၀)ခု၊ Exam Glove PPE-3(၃၃၈၈)ခု၊ Face Shield(၂၇၅)ခု၊ Coverall PPE-3 (၂၇၅)ခု၊ Surgical Gloves PPE-3(၂၇၅)ခု၊ Protective Mask PPE-3(၂၇၅)ခုနှင့် Boot PPE-3 (၂၇၅)ခုတို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများအရောက်နိုဝင်ဘာ(၁)ရက်နေ့မှ (၂)ရက်နေ့များတွင် ဖြန့်ဝေပြီးဖြစ်ကြောင်းသိရသည်။

ကသာခရိုင် အင်းတော်မြို့နယ် တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက်ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးဝင်းမောင်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား ယမန်နေ့က စံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲနေ့ မဲရုံများတွင် အသုံးပြုမည် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲနေ့ တွင်အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ပစွည်းများအား လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိသစ်တောမြေဧရိယာ ဧက (၁၅၁၀)အား ဒေသခံအစုအဖွဲ့ပိုင် သစ်တော တည်ထောင် ခွင့်ပြုလက်မှတ်များ ပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အသုံးပြုသူများအဖွဲ့(၁၃)ဖွဲ့ထံ သစ်တောမြေဧရိယာ ဧက ၁၅၁၀အား ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁၀နာရီတွင်အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံး၌ကျင်းပသည်။

ကျောက်တံခါးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ အသီးသီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၈)ဦးဆေးရုံမှဆင်းခွင့်ရရှိ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အောင်မြင်တိုက်နယ်ဆေးရုံ၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ၊ ဖဒိုတိုက်နယ်ဆေးရုံ၊ အ.ထ.က (ကျောက်တံခါး) ဆေးကုသရေးစင်တာတို့တွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ပိုးတွေ့ လူနာပေါင်း (၃၈)ဦးသည် ယမန်​နေ့က ဆေးရုံဆင်းခွင့်ရရှိ၍ နေအိမ် အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မြိုင်မြို့တွင် မဲရုံများအား မီးဘေးအန္တရာယ်လုံခြုံ‌ရေး ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။

ဝိုင်းမော်မြို့နယ်၌၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင်မဲရုံတာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ဒုမဲရုံမှူးများအားမဲရုံသရုပ်ပြလက်‌‌ တွေ့ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀နှစ်ပြည့်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး များအား မဲရုံသရုပ်ပြလက်တွေ့ဆောင်ရွက်မှုကို ယမန်နေ့၊မွန်းလွဲ(၁)နာရီက၊အမှတ် (၁) ရပ်ကွက်ရှိ၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ တေဇ ခန်းမ၌ကျင်းပခဲ့သည်။

သြဂဲနစ် ပဲတောင့်ရှည်(တိုင်ထောင်ပဲ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ကိုဗစ်-၁၉ ကူးစက်​ရောဂါ  ဖြစ်ပွား​နေသည့် ကာလဖြစ်​သော်လည်း ပုသိမ်မြို့နယ်၊ အမှတ် ၁၀ နယ်မြေ၊ စက်ကုန်းရပ်တွင် တိုင်​ထောင်ပဲ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုးရောင်းချ လျက်ရှိသော ဦးအောင်ကြည် မိသားစုတို့မှ ​နေ့စဉ် မိသားစုဝင်​ငွေရရှိ​နေ​ကြောင်းသိရသည်။

ကျောင်းကုန်းမြို့၌ အတည်ပြုလူနာ(၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံရှိ အတည်ပြုလူနာ ယာဉ်နောက် လိုက်(၂)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ကာ ဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံဦးသန်းဌေး နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ ပွဲအား ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Subscribe to