လဟယ် နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲနေ့ တွင်အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ပစွည်းများအား လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ပစ္စည်းများတွင် လဟယ်မြို့နယ်အတွင်း မဲရုံပေါင်း(၁၀၅)ရုံအတွက် မဲရုံ တစ်ရုံလျှင် မဲရုံအဖွဲ့ဝင်များနှင့် Volunter များအတွက် N-95 mask (၂၉၁၅၂)ခု၊ Exam Glove (၆၃၀၀)ခု၊ Face shield (၅၂၅)ခု အပါဝင် PPE level 2 ဝတ်စုံ(၂၁၀၀)၊ PPE Level 3 (၃၆၇၅)ခု ပါဝင်ကြောင်း သိရသည်။
၎င်းပစွည်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ထွန်းက လဟယ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီထံသို့ လွဲပြောင်း ပေးအပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါပစ္စည်းများကို လဟယ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၀၅)ရုံကို ဆက်လက် ဖြန့်ဝေသွား မည်ဖြစ် ကြောင်းသိရသည်။
ရှားဆက်(ပြန်/ဆက်)