ကျောင်းကုန်းမြို့၌ အတည်ပြုလူနာ(၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု

ကျောင်းကုန်း ‌   နိုဝင်ဘာ    ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံရှိ အတည်ပြုလူနာ ယာဉ်နောက် လိုက်(၂)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့်   ယမန်နေ့ နေ့လယ်ပိုင်းက    ဆေးရုံဆင်းလက်မှတ် ပေးအပ်ကာ ဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ကျောင်းကုန်းမြို့တွင် အတည်ပြုလူနာ စုစုပေါင်း(၁၈)ဦး ရှိပြီဖြစ်ပြီး၊ အားလုံးကျန်းမာရေးကောင်းမွန် လျက် ရှိကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်သွားလုပ်ကြပြီး     မိမိနေရပ်သို့  ပြန်လာကာ သက်ဆိုင် ရာ CBFQ (၈၂) ခု၌ အသွားအလာ ကန့်သတ်ထားသူ (၂၉၉)ဦး ရှိကြောင်း၊ ၎င်းတို့အား မြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တစ်ဦးလျှင်ဆန်(၄)ပြည်နှုန်း ထောက်ပံ့ပေးခဲ့ကြောင်းသိရ သည်။

ဝင်းကြိုင်(ပြန်/ဆက်)