မြိုင် နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။
မြို့နယ် မီးသတ်ဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆင် ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများတွင် မတော်တဆဖြစ်ပွား တတ်သောမီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှတဆင့် ဖြစ်ပွားတတ်သော မီးဘေး အန္တရာယ် တို့ဖြစ်ပွားလာပါကအချိန်မီ ငြိမ်းသတ်နိုင်ရန် စီစဉ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနက သန္ဓေတပ်ဖွဲ့ဝင်များ က မီးသတ်ဆေးဗူး ထားရှိမှု များကို စစ်ဆေးခဲ့ပြီး မဲရုံတွင် တာဝန်ထမ်းဆောင်ကြသော ရပ်၊ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ၊ အထူးရဲများ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အား မီးသတ်ဆေးဗူးအသုံးပြုပုံ အဆင့်ဆင့်ကို အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရသည်။
သူရ(ပုံတောင်)