လေရှီး နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမဲရုံများအတွက် Coronavirus Diseases 2019(2019) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားဗဟိုကော်မတီမှ ပေးပေးပို့လှူဒါန်းသော COVID-19 ရောဂါကာကွယ်ရေးပစ္စည်း(၇)မျိုးဖြစ်သည့် NK-95 (10021)ခု၊ PPE Level-2(Leve) (၁၁၀)ခု၊ Exam Glove PPE-3(၃၃၈၈)ခု၊ Face Shield(၂၇၅)ခု၊ Coverall PPE-3 (၂၇၅)ခု၊ Surgical Gloves PPE-3(၂၇၅)ခု၊ Protective Mask PPE-3(၂၇၅)ခုနှင့် Boot PPE-3 (၂၇၅)ခုတို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများအရောက်နိုဝင်ဘာ(၁)ရက်နေ့မှ (၂)ရက်နေ့များတွင် ဖြန့်ဝေပြီးဖြစ်ကြောင်းသိရသည်။
လေရှီမြို့နယ်တွင် ရပ်ကွက်(၅)ကွက်၊ ကျေးရွာအုပ်စု(၁၉)အုပ်စုရှိပြီး မဲရုံပေါင်း(၅၅)ရုံနှင့် မဲဆန္ဒရှင်(၁၀၉၁၆)ဦး ရှိကြောင်း သိရှိရပါသည်။
ခဘိုး(လေရှီး)