ကောလင်း နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် နေရာအချို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်းနှင့်အတူ လေတိုက်ခြင်း များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဧရာမင်းစပါးပင်များ ယိမ်းယိုင်လဲပြိုခြင်းများ ကြုံတွေ့နေရသည်ဟု သိရသည်။
ကောလင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧကမှာ ၁ သိန်းခန့်ရှိပြီး မိုးရွာသွန်းမှုအခြေအနေမှာ အောက်တိုဘာ ၂၂ ရက်နေ့ မိုးရေချိန် ၁ ဒသမ ၆၈ လက်မ၊ ၂၃ရက် နေ့တွင် ၂ ဒသမ ၁၄လက်မ၊ ၂၄ ရက်နေ့တွင် ၀ ဒသမ ၅၆ လက်မ၊ ၂၅ ရက်နေ့တွင် ၀.ဒသမ၂၈ လက်မနှင့် ၂၆ ရက်နေ့တွင် ၀ ဒသမ ၂၀ လက်မ ရွာသွန်းခဲ့ပြီး စပါးခင်းများ ရေဝင်နစ်မြုပ်ပြီး စပါးပင်များလဲကျမှုဖြစ်ပေါ်ခဲ့သည်။
ယင်းနောက် နိုဝင်ဘာ ၁ ရက်နေ့တွင် မိုးရေချိန် ၀ ဒသမ ၄၂လက်မနှင့် ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့နံနက် ၉နာရီအချိန် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးရေချိန်တိုင်းတာချက်အရ ၀ ဒသမ ၆၀လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။
"ကောလင်းမြို့နယ်တွင် နှစ်စဉ် ဧရာမင်းပဒေသာနှင့် မှော်ဘီ ၂ စပါးမျာစိုက်ပျိုးကြပြီး ယမန်နှစ်က မှော်ဘီ ၂ စပါးစိုက်ပျိုးကြသော်လည်း စပါးစျေးကောင်းမရရှိသည့်အတွက် စျေးကောင်းရရှိ မည့် ဧရာမင်းပဒေသာကို အများဆုံးစိုက်ပျိုးကြသည့်အတွက် လက်ရှိတွင် မှော်ဘီ ၂ စပါးများမှာ လဲပြိုခြင်းမရှိဘဲ ဧရာမင်းပဒေသာ စပါးမျိုးအများဆုံး ရေထဲတွင် လဲကျပြားကပ်နေမှုများရှိနေကြောင်း ကောလင်းမြို့နယ် ကြာအင်းကျေးရွာ တောင်သူ ဦးကျော်မင်းကပြောသည်။
မြင့်ထွန်းမင်း(ကောလင်း)