မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ နှစ်ဦး ဆေးရုံ ဆင်းခွင့်ရရှိ

ချောက် နိုဝင်ဘာ ၃

 

ချောက်မြို့ပြည်သူ့ဆေးရုံတွင် တတ်ရောက်‌၍ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး  ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။

ယခင်လ အောက်တိုဘာလ ၁၇ ရက်နေ့က ရန်ကုန်ပြန် လင်းတကိုင်းကျေးရွာအုပ်စု၊ ဖက်သန်းတော ကျေးရွာနေအသက် ၂၀ နှစ် အမျိုးသမီး နှင့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြို့ဝင် မိုလာစစ်ဆေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့် ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ကုန်တင်ယာဉ်မောင်း အသက် ၅၂ နှစ်၊ အမျိုးသားတို့ကို ဆေးရုံဆင်းလက်မှတ်များပေးအပ်ပြီး ဆေးရုံမှဆင်းပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ချောက်မြို့ပြည်သူ့ဆေးရုံတွင် ဆိပ်ဖြူမြို့မှ လွဲပြောင်းထားသော ရခိုင်ပြန် အသက် ၂၃ နှစ် အမျိုးသမီး တစ်ဦး ဆေးရုံတက် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် မြို့ပေါ် Quarantine စင်တာ နှစ်ခုတွင် Quarantine ဝင်နေသူ ၁၉ ဦးမှာ  Quarantine ဝင် ၁၄ ရက်ပြည့်၍ ထောက်ခံစာပေးအပ်ကာ Home Quarantine ၇ ရက် ထားရှိမည်ဖြစ်‌ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)