မြို့သစ် နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့တွင် စုရပ်အခြေပြုပုံမှန်ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်းကို မြို့သစ်မြို့၊ကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၉ နာရီကစတင်၍ ပုံမှန် ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ် အောက်အထိ ကလေးငယ်များအားအသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ) နှင့် ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ ကိုယ်ဝန် ဆောင် မိခင်များအတွက် မေးခိုင်နှင့်ဆုံဆို့နာရောဂါကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ထမ်း များက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
မြို့သစ်မြို့၊ကျန်းမာရေးဌာနနှင့်ကျန်းမာရေးဌာနခွဲ(၆)ခုတွင် တစ်နှစ်အောက်ကလေးငယ်(၆၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၃၂)ဦးတို့အား စုရပ်အခြေပြုပုံမှန် ကာကွယ် ဆေးများ ထိုးနှံ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူးဦးမျိုးလွင်ထံမှသိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)