အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲများပေး

ဒဂုံ(ဆိပ်ကမ်း)         နိုဝင်ဘာဘာ  

 ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီး ရွယ်အိုများ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ရန်အတွက် အမှန်တကယ် လိုအပ်သူများ၊ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၂၉) ရက်မှ  စတင်၍  နံနက်()နာရီမှညနေ ()နာရီထိ  ရပ်ကွက် အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။                 

ထိုသို့ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် (၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအတွက် သက်ဆိုင်ရာ ရပ်ကွက်မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြိုတင်မဲစာရင်း ကောက်ယူရရှိမှုမှာ   (၂၉)ရက်နေ့မှ ယနေ့နံနက်ပိုင်းထိကို ကျား(၂၅၇၂)ဦး၊ (၃၄၈၉) ဦး၊စုစုပေါင်း   ( ၆၀၆၁)ဦး ကောက်ယူရရှိပြီး ဖြစ်ကြောင်း  အထွေထွေရွေးကောက်ပွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။       

နန်းရွှေကြည်(ပြန်/ဆက်)