ရှမ်းရွာသစ် နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၈၂.၃၀သန်းဖြင့် လုပ်ငန်း(၁၂)ခုဆက်လက်လျာထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများတွင် ရုံးကြီးလမ်းကွန်ကရစ်ခင်းခြင်း၊ သုသာန်အဝင်ကွန်ကရစ်ခင်းခြင်း၊ အမှတ် (၁) ရပ်ကွက် နှင်းဆီလမ်းကွန်ကရစ်ခင်းခြင်း၊ ပန်းခြံ Box Culvert (၂)စင်းပြုလုပ်ခြင်း၊ နှင်းဆီလမ်း Box Culvert (၂)စင်းပြုလုပ်ခြင်း၊ မြို့သစ်လမ်း Culvert (၁)စင်းပြုလုပ်ခြင်း၊ သုသာန်အဝင် ကျောက်စီရေမြောင်း ပြုလုပ်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်ပြုလုပ်ခြင်း၊ ပိတောက်လမ်းအုတ်စီရေမြောင်း ပြုလုပ်ခြင်း၊ ဇီဇဝါလမ်း အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ သဇင်လမ်းအုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများအား စုစုပေါင်း ငွေကျပ် ၁၈၂.၃၀ သန်းဖြင့် လုပ်ငန်းပေါင်း (၁၂)ခုကို ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်း ရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)