မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးသူ (၇၀၀)ဦး ကျော်ရှိလာ

မင်းတပ်  နိုင်ဝင်ဘာ

မင်းတပ်မြို့ပေါ် ()ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် နာရီအချိန်မှစ၍ မန်နေ့ညနေ နာရီချိန်အထိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၀၀)ဦးကျော်က လာရောက် ဆန္ဒမဲပေးပြီး ပြီဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်အောင်က "မင်းတပ်မြို့ပေါ် ()ရပ်ကွက်မှာ မဲရုံ(၁၄)ရုံထားရှိတာဖြစ်ပါတယ်၊ အရှေ့ပြင်ရပ်ကွက်မှာ မဲရုံ()ရုံ၊ ဘဝသစ်ရပ်ကွက်မှာ မဲရုံ()ရုံ၊ စံပြရပ်ကွက်မှာမဲရုံ()ရုံနဲ့ အနောက်ရပ်ကွက်မှာ မဲရုံ()ရုံ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ()ရက်နဲ့ ()ရက်နေ့တွေမှာလည်း မဲရုံကိုမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေ မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်၊ မင်းတပ်မြို့ပေါ် ()ရပ်ကွက်မှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူ (၉၇၀၀)ဦးကျော်ရှိပါတယ်" ဟုပြောကြားသည်။

မင်းတပ်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူ(၃၀၆၃၂)ဦးရှိပြီး ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း(၁၁၆)ရုံ ဖွင့်လှစ်ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံမှ သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)