AYARWADDY RIVER VIEW HOTEL တွင် Hotel Quarantine ဝင်ရောက်နေသူများ ကြိုတင်ဆန္ဒမဲပေး

မန္တလေး၊ နိုဝင်ဘာ ၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ AYARWADDY RIVER VIEW HOTEL တွင် Hotel Quarantine ဝင်ရောက်နေသူများမှ ယမန်နေ့ ညနေ ၅ နာရီခွဲက အဆိုပါဟိုတယ်၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

Hotel Quarantine ဝင်ရောက်နေသူများမှာ အောင်မြေသာစံမြို့နယ်မှ (၂၂) ဦး၊ ချမ်းအေးသာစံမြို့နယ်မှ(၈)ဦး၊ မဟာအောင်မြေမြို့နယ်မှ(၁၂)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ(၃)ဦး၊ အမရပူရမြို့နယ်မှ(၅)ဦး စုစုပေါင်း(၅၀)ဦးတို့က ကြိုတင်ဆန္ဒမဲပေးကြခြင်းဖြစ်သည်။

အဆိုပါ Hotel Quarantine ဝင်ရောက်သူများကိုကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်၊ အောင်မြေသာစံမြို့နယ် တာဝန်ခံ ဦးရဲမင်း‌အောင်နှင့် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)