နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း NEPစီမံကိန်း(ICB-4) ဖြင့် ကျေးရွာပေါင်း (၂၀)ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်

လဟယ် နို၀င်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ်အတွင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်NEPစီမံကိန်း (ICB-4)ဖြင့် ကျေးရွာပေါင်း(၂၀)ရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးလက် မီးလင်းရေးလုပ်ငန်းကိုကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် လျှပ်စစ်မီး ရရှိမှုပိုမိုတိုးတက်လာစေရန် ဝေးခေါင်းပါး၍မဟာဓါတ်အားလိုင်းနှင့်ဝေးကွာသောဒေသများတွင် ဓါတ်အားလိုင်းပြင်ပ၊ကြိုတင်မီးလင်းရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်သူလူထုနဲ့ပူးပေါင်းရန်၊ အစိုးရ-ပုဂ္ဂလိက ပြည်သူတို့နှင့်ပူးပေါင်းပြီးလျှပ်စစ်မီးလင်းရေး စနစ် များပိုမိုကောင်းမွန်အောင်ရည်ရွယ်၍ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းကာအမျိုးသားအဆင့် ဓါတ်အား ရရှိရေး စီမံကိန်းကအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လဟယ်မြို့နယ် အတွင်းတစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး ကျေးရွာပေါင်(၂၀)ရွာအတွက် တစ်အိမ်သုံးဆိုလာ (၁၃၇၇)စုံဖြစ်ပြီး လူနေအိမ်များအပြင် လမ်းမီးတိုင်များ၊ဘာသာရေးကျောင်းများ၊စာသင်ကျောင်းများ၊ကျေးလက်ကျန်းမာရေးဆေးပေးခန်းများမှာလည်းတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းကျေးလက်မီးလင်းရေးလုပ်ငန်းဆောင်ရွက်နေမှုကိုယမန်နေ့ကနာဂဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦး၀င်းနိုင်နှင့် ရုံးအဖွဲ့တို့က လဟယ်မြို့နယ် လောင်ငေါက် ကျေးရွာတွင်ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်းသိရသည်။

ရှားဆက်(လဟယ်)