သာယာဝတီ နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (mask)များအား ယနေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများအား နှာခေါင်းစည်းများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ အမှတ်(၁၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပညာပေးပြောကြားပြီး Surgical Mask (၅၅၀)ခုအား အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)