ရန်ကုန် နို၀င်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အသိပညာပေးခြင်း၊ စည်းကမ်း လိုက်နာမှုမရှိသူများအား ဒဏ်ငွေပေး ဆောင်စေခြင်းများကို ယနေ့နံနက်(၉)နာရီက ရှစ်မျက်နှာ ဘုရားရှေ့နှင့် အမှတ် (၉) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူများ ရောဂါကူးစက် ပြန့်ပွားမှုများမရှိစေရန် ကျန်းမာရေး အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ (Mask)များကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာ ကြပါရန် အသိပညာပေးခြင်းများဆောင်ရွက်စေခဲ့ပြီး ယနေ့တွင် နှာခေါင်းစည်း (mask) တပ်ဆင်မှု မရှိသူများအား နှာခေါင်းစည်း(mask)တစ်ခု ချက်ချင်းပေး၍တပ်ဆင်စေခဲ့ပြီး ဒဏ်ငွေ (၂၀၀) ပေးဆောင် စေခဲ့ကြောင်းသိရသည်။
အလားတူမြို့နယ်အတွင်း လမ်းသွားလမ်းလာများ၊စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ ပေါ် တွင် စီးနင်းလိုက်ပါလာသူများအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအား အသိပေး နှိုးဆော်ခြင်း၊ အပြင်ထွက်တိုင်း(mask) တပ်ရန်နှင့် (mask)တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ ပေးဆောင်စေခြင်းဖြင့် အလေးထား လိုက်နာမှုရှိစေရန် နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်