တန့်ယန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီးသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ မြို့မရပ်ကွက်အသီးသီးရှိ မဲရုံများအား ယမန်နေ့ ညနေပိုင်းက လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။