နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး စတင်ထိုးနှံခြင်းဆောင်ရွက်

နန်းယွန်း  နိုဝင်ဘာ     ၄

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့၌  အမျိုးသမီးငယ် များ သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV)ကာကွယ်ဆေးကို ပုံမှန် ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်အဖြစ် ပထမအကြိမ် စတင် ထိုးနှံ ခြင်းကို  နိုဝင်ဘာလ ၃ ရက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ မျိုးသန့်၊ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများပူးပေါင်းပြီး အသက်(၉)နှစ်မှ(၁၀)နှစ်ရှိ မိန်းကလေးငယ်များ မြို့မရပ်ကွက်မှ (၁၀)ဦး၊ ရှရရပ်ကွက်(၈)ဦးနှင့် ရောကော့ ရပ်ကွက် မှ(၄)ဦး စုစုပေါင်း(၂၂)ဦးတို့အားသားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ် ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆ ရောဂါ(HPV)ကာကွယ်ဆေးထိုးနှံခြင်းကို နန်းယွန်းမြို့နယ် အတွင်းရှိ  ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင်လည်း အသက်(၉)နှစ်မှ(၁၀)နှစ်ရှိ အမျိုးသမီး ငယ်များအားပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်အဖြစ် ထိုးနှံပေးမည်ဖြစ်ပြီး အသက်(၉)နှစ်မှ(၁၀)နှစ်ရှိ အမျိုးသမီးငယ်များကို(၁၂)လစီခြားပြီး နှစ်ကြိမ် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)