မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျွန်းစု နိုဝင်ဘာ ၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲရုံများအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ကာ ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ညွှန်းကြာချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူ များအား မှာကြားခဲ့သည်။ ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

စည်သူရအောင်(ကျွန်းစု)