ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ Test Kit ဝယ်ယူရန် ကျပ်သိန်းသုံးဆယ်လှူဒါန်း

ဟုမ္မလင်း နိုဝင်ဘာ  ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် COVID -19 Test Kit ဝယ်ယူရန် ကျပ်သိန်းသုံးဆယ်ကို ယမန်နေ့က ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ရုံး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ COVID-19 Test Kit ဝယ်ယူရန်အတွက်ငွေကျပ်သိန်း သုံးဆယ်ကို မြို့နယ်မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သန်းဦး အတွင်းရေးမှူး ဦးစိုင်းမင်းဆွေ စာရင်းစစ် ဦးစိန်သောင်းတို့မှ ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

ချန်လော(ဟုမ္မလင်း)