သံတောင်ကြီး နိုဝင်ဘာ ၄
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု လျှော့ချရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရှင်ယောဟန် ဓမ္မရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်က အမှာစကားပြောကြားပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုက ဒေသခံ အမျိုးသမီးများအနေဖြင့် ကျား/မအခြေပြု အကြမ်းဖက်မှုများအကြောင်းကို ပိုမိုသိရှိလာစေရန်၊ အမျိုးသမီးများ အကြမ်းဖက်မှုလျှော့နည်းလာစေရန်၊ အမျိုးသမီးများ အကြမ်းဖက်မှုဖြစ်ပေါ်လာပါက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့သင်တန်း ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို PAUNG SIE FACILITY (PSF) ၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီး များအဖွဲ့က ဦးဆောင်က သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အမျိုးသမီး (၃၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ(၃)ရက်တာ သင်တန်းဖြစ် ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်