လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

လှိုင်းဘွဲ နိုဝင်ဘာ ၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေး ဆင့်ပွား သင်တန်းကို ယမန်နေ့က ကဒီကံ၊ ထန်းတပင်၊ ဝင်းဖရ၊ ဘီးစကတ်၊ ပတ၊ တာပေါင်ကျေးရွာများတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆင့်ပွားသင်တန်းများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာရမည့် အချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့်ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း/ထုပ်ပိုးခြင်း၊ မဲရလဒ်ပုံစံ(၁၆)/၁၆-က ရေးသွင်းခြင်း၊ မဲရုံ ခင်းကျင်းခြင်း၊ လက်တွေ့ သရုပ်ပြခြင်းတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)