ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းဝေးကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းဝေးကျင်းပရာ ရှေးဦးစွာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်း ကပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် နှင့် ညွှန်ကြား ချက်များနှင့်အညီ ပူးပေါင်းဆောင်ကြပါရန်နှင့် ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ပြီးမြောက်စေရေး တို့အတွက် ရှင်းလင်း ပြောကြား သည်။